မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Friday, December 7, 2012

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10

ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ကျနော်အကြိုက်ဆုံး Kaspersky Rescue Disk 10


ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်တွေထဲမှာ ဒီကောင်လေးကတော့ ကျနော်အကြိုက်ဆုံးပါပဲ..။ အရမ်းကောင်းပါတယ်..။ ခဏခဏလည်းလုပ်ပေးဖို့ မလိုပါဘူး..။ မိမိတို့ရဲ့ ကွန်ပျူတာဟာ ဗိုင်းရပ်စ်ကြောင့် လေးလာပြီ.. ဟမ်းလာပြီဆိုမှ ဒီကောင်လေးကို သုံးပေးလိုက်ပါ..။ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်ပါတယ်..။ မိမိတို့ရဲ့စက်ဟာ မြန်ဆန်သွက်လက်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်..။ အသုံးပြုပုံကိုတော့ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်...။ အရင်ဆုံး  Kaspersky Rescue Disk 10 ISO ဖိုင်ကိုအရင်ဒေါင်းယူလိုက်ပါ..။ ရလာပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှစ်ချက်တောက်ပြီး CD အလွတ်တချပ်နဲ့ ခွေကူးလိုက်ပါ..။ အခွေကူးတဲ့ နေရာမှာ သတိပြုရမှာက Verify Disk Data ဆိုတဲ့ စာသားနေရာမှာ အမှန်ခြစ်ပေးပါ...။ Nero Burning Studio နဲ့ဆို ဒီစာသားပါပါတယ်..။ တခြား ISO Burnig Marker တွေနဲ့ ကူးလည်းရပါတယ်..။ အဓိကက Boot တက်ဖို့ပါ..။

USB Drive နဲ့ Boot တင်ချင်တဲ့ သူများအတွက်တော့ အောက်မှာပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ CD/DVD Drive မပါတဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ အရင်ဆုံး အောက်က အဆင်ပြေတဲ့လင့်ကနေသာ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်တော့ နည်းနည်းကြီးပါတယ်..။ 237 MB ရှိပါတယ်..။

For USB Device (325 KB)

Mediafire
ifile.it
Minus
မူရင်းလင့်(378 KB)

Iso image of Kaspersky Rescue Disk 10 Free Download (237 MB)
Minus

(14.9.2012 / မှတ်ချက်။ ။ Minus ကလင့်ကို ကျနော်ဖျက်ထားလိုက်ပါပြီ.. အောက်က Update ထွက်လာတဲ့ ဗါးရှင်း အသစ်ကိုပဲ ဒါရိုက်လင့်ကနေ ဒေါင်းယူကြပါဗျာ.. 260 MB ရှိပါတယ်..)

5/11/2012 နေ့က နောက်ဆုံးထွက် Update လေးပါ.. 267 MB ရှိပါတယ်.

USB ထဲထည့်ဖို့ ဆိုရင် (325kb) ရှိတဲ့ ကောင်လေးကို ဒေါင်းယူပြီး ဖွင့်လိုက်ပါ.. အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်..။ Browse နေရာကနေ ဒေါင်းထားပြီးသား  Kaspersky Rescue Disk 10 ISO ဖိုင်ကို ရွေးပေးပါ..။ 2 နေရာကတော့  USB ရှိတဲ့နေရာကို ညွှန်ပေးလိုက်ပါ..။ ပြီးရင် Start ကိုကလစ်လိုက်ပါ..

ပြီးသွားရင်တော့ အောက်ပုံလေးအတိုင်း မြင်ရပါလိမ့်မယ်..။


မိမိတို့စက်ကို ဗိုင်းရပ်သတ်တော့မယ်ဆိုရင်  Kaspersky Rescue Disk 10 CD (OR) USB ကို ကွန်ပျူတာမှာ ထည့်လိုက်ပါ.. ပြီးရင်တော့ စက်ကို Restart ချပြီ... လက်ပ်တော့ပ်တွေမှာဆိုရင် F2 or F12 , Desktop PC တွေမှာ ဆိုရင် Del or ESC or F11 ကိုဆက်တိုက်နှိပ်ထားလိုက်ပါ...။ Boot Menu ထဲကို ရောက်သွားပါလိမ့်မယ်.. 


Boot ထဲကိုရောက်သွားရင် CD/DVD or USB ကိုရွေးပြီး F10 နဲ့ Enter ခေါက်ပေးလိုက်ပါ...။ အောက်ကပုံ အတိုင်းပေါ်လာရင် ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ...

ဒီနေရာတွေမှာ အပေါ်အောက် မျှားနဲ့ ရွေးပေးပြီး Enter ခေါက်သွားလိုက်ပါ...



ဗိုင်းရပ်စ်သတ်လို့ပြီးရင်တော့ စက်ကို Restart ချပြီး အခွေ သို့မဟုတ် USB ကို ဆွဲထုတ်လိုက်ပါ..။ Restart ချလို့ မရရင် စက်ရဲ့ ပါဝါကို ဖိပိတ်လိုက်ပါ...။ 
ဒီလောက်ဆိုရင်တော့ အားလုံးပဲ လုပ်တတ်ကိုင်တတ်လိမ့်မယ်လို့ ထင်ပါတယ်..
မှတ်ချက်။ အရမ်းကောင်းတဲ့ဆော့ဝဲလ်လေးပါ. ကျွန်တော်လည်းဒီကောင်လေးကိုပဲ သုံးပါတယ် အသုံးပြုရတာလည်း လွယ်ပါတယ်.. Recycler Virus ကိုလည်း ဒီကောင်လေးနဲ့ ရှင်းနိုင်ပါတယ်.. virus ရှိနေတဲ့ flashdrive တွေကို usb port မှာထိုးပြီးတော့ အပေါ်က အဆင့်တွေအတိုင်း သူ့တစ်ခုတည်းကိုပဲ နှစ်ကြိမ်လောက် scan ဖတ်ပေးလိုက်ပါ. ဒါဆိုရင် ရပါပြီ... ကွန်ပျူတာပြန်ဖွင့်ပြီးတာနဲ့ flashdrive ထဲမှာရှိတဲ့ Recycler Virus ဖိုင်ကို အလွယ်တကူပဲ ဖျက်နိုင်ပါပြီ...

အဆင်ပြေကြပါစေဗျာ..

0 comments:

Post a Comment

ဝေဖန်ပါ အကြံပြုပါ လိုအပ်တာရှိရင်ပြောပါ.. ကျေးဇူးအထူးတင်ပါတယ် ဗျာ။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (2) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (11) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (158) နိုင်ငံတကာသတင်း (2)