မင်္ဂလာပါ အားလုံးပဲစောင့်မျှော်နေကြတဲ့ ကွန်ပျူတာမလို tweak မလိုပဲ အိုင်ဖုန်း Setting တစ်ခုလုံးကို မြန်မာလိုပြောင်းပစ်နိုင်မည့် နည်းလမ်းလေးပါ
ဒါကိုမလုပ်ခင် ပထမဆုံး မိမိတို့ရဲ့ အိုင်ဖုန်းမှာ iFile ဆိုတဲ့ tweak လေးကိုသွင်းထားရမှာ ဖြစ်ပါတယ်... tweak သွင်းဖို့ လင့်ကတော့ http://repo.hackyouriphone.org ကိုအက်ပြီးတော့
ဒေါင်းယူလိုက်ပါ။ ifile ရှိပြီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ ပထမဆုံး ifile ကိုဖွင့်ပါ var ကိုဝင်ပါပြီးရင် stash ကိုဝင်ပါ ပြီးနောက် Applications.4qp7t2 (မှတ်ချက်= applications ရဲ့နောက်က
4qp7t2 တို့ကို ပုံသေမမှတ်ပါနဲ့ ဖုန်းတစ်လုံးနှင့်တစ်လုံး မတူညီနိုင်ပါ သဏ္ဍန်တူလို့ပဲမှတ်ယူပါ) ဆိုတဲ့ဖိုင်ကို ထပ်ပြီးတော့ ဝင်ပါ
နောက်ထပ် Preferences.app အထဲကိုဝင်ပါ အထဲမှာ iproj တွေအများကြီးတွေ့ပါလိမ့်မယ် အထဲမှာမှ မိမိရွေးချယ်ထားတဲ့ language ဟာ US ဆိုရင် English.iproj ကိုဝင်ပါ. တစ်ကယ်လို့
Uk ဆိုရင်တော့ en_GB.iproj ဆိုတာကိုဝင်ပါ.. အထဲမှာရှိတဲ့ strings ဆိုတဲ့ စာနဲ့ဆုံးတဲ့ဖိုင်မှန်သမျှ သင်ကြိုက်သလိုပြင်နိုင်ပါပြီ။ ifile မှာမြန်မာကီးဘုတ် မပေါ်လာတဲ့အတွက် စိတ်မညစ်ပါနဲ့
ပြင်ချင်တဲ့ String တစ်ခုကိုနှိပ် Text Viewer ကိုရွေးပြီးတော့ဖွင့်လိုက်ပါ ပြီးရင် Edit ကိုနှိပ်ပြီးတော တစ်နေရာရာကို ဖိထားလိုက်ပါ ပြီးတော့ selact all ကိုနှိပ် copy လုပ် ပြီးရင် Home ကိုနှိပ်ပြီင်္းတော့
ထွက်လိုက်ပါ Note ကိုဖွင့်ပါ. ပြီးတော့ paste လုပ်လိုက်ပါ။ ကဲအခုဆိုရင် သင်ကြိုက်သလို မြန်မာစာပြောင်းရေးနိုင်ပါပြီ။ တစ်ခုတော့ သတိပေးပါရစေ မပြင်ခင်မှာ နောက်စာမျက်နှာ တစ်ခုဖွင့်ပြီးတော့
မူရင်း string တွေကို သိမ်းထားစေလိုပါတယ် ဒါမှသာ မိမိတစ်ခုခုမှားသွားလို့ error တက်ရင် မူရင်းစာတွေ ပြန်သွင်းနိုင်မှာပါ.. ဆက်လိုက်ရအောင် အားလုံးပြင်ပြီးရင် ပြင်ပြီးသားတွေကို ပြန်ကူး
ifile ကိုသွား ရောက်တာနဲ့ string ထဲကစာတွေကို ဖျက်ပြီးတော့ မိမိပြင်ပြီးသားတွေနဲ့ အစားထိုးပေးလိုက်ပါ. အားလုံးပြီးပြီဆိုရင် ဖုန်းကို Reboot ချပေးလိုက်ပါ ပြန်တက်လာရင် မြန်မာလိုပြင်ထား
ပြီးသား စာလေးတွေနဲ့ ဖလန်းဖလန်းထနိုင်ပါပြီ။
**(သတိ)** စာများပြောင်းရာတွင် ညီမျှခြင်း(=) ရဲ့နောက်က စာများကိုသာပြောင်းရမှာဖြစ်ပါတယ် Quotation_mark( " " ) လေးတွေရဲ့ အတွင်းက စာတွေကိုသာပြောင်းရမှာပါ
ဥပမာ = "CANCEL" = "Cancel" ဆိုရင် "CANCEL" = "ပယ်ဖျက်ရန်" ဆိုပြီး ပြောင်းရမှာဖြစ်ပါတယ် Screen Shoot တွေကိုတော့ အောက်မှာကြည့်ပါ။ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားပြီးတော့
ရှင်းပြပေးထားပါတယ် အဆင်မပြေတာ မရှင်းတာရှိခဲ့ရင် မေးနိုင်ပါတယ်..
Screen Shoot.::
အားလုံးပဲ အဆင်ပြေကြပါစေဗျာ .. အဆင်မပြေတာရှိရင် Comment ပေးခဲ့ပါ

မင်္ဂလာပါ ဆရာ.... ကျေးဇူးပြုပြီး I Phone 4s version iOS 6.1.3 ကို ဘယ်လို jailbreak ရမလဲ။ အချိန်ရှိရင် guideline လေးတင်ပေးပါအုံးနော့်။။။။
ReplyDeleteလေးစားလျှက်
ကျေးဇူးအများကြီးတင်တယ် ဆရာရေ...ကျနော့်ရဲ I Phone 4s ios 6.1.3 မှ 7.0.4 အဖြစ်နဲ့  jailbreak လုပ်လို့ ရသွားပါပြီ။။ ဒါပေမယ့် ဆရာ တင်ထားတဲ့ I Phone setting and App ကိုမြန်မာလို ပြောင်းသည့်ဟာကို ကျနော်လိုက်လုပ်တာမရဘူး ဆရာရေ.. strings အားလုံးကိုပြောင်းလိုက်မှရတာလား၊ ( သို့ ) general iPhone မှာဘဲအကုန်ပြောင်းရင် ရပြီလား။ ဆရာ youtube နဲ့ တင်ပေးပါအုံး။ ပြီးတော့ ဆရာ နာမည်ကို I Phone ပေါ်ဘယ်လိုတင်ရမလဲ..အချိန်ရှိရင်ရှင်းပြပေးပါဆရာရေ... အမြဲလေးစားလျှက်
Deletei file ယူကတည်းကတစ်နေတယ်ဗျာ
ReplyDeleteiကျနော့ထဲလည်းi fileဆိုတဲ့appတခုရှိတယ်
အဲထဲvarဆိုတာမပါဘူးဗျ
i fileပုံစံလေးတမူနာပြပေးပါလား
ကိုလေ့လာရေ Iphone 4s က iOS 6.1.3 ကို Jailbreak မရသေးပါဘူးဗျာ. iOS 7 ထွက်လာရင်တော့ ရမယ်လို့ ခန့်မှန်းနေကြတာပဲ . စောင့်လိုက်အုံးပေါ့ဗျာ။ ကျွန်တော်လည်း အဖော်ရှိပါတယ် ipad mini လေးနဲ့စောင့်နေတယ်.
ReplyDeleteကိုသက်တန့်ရေ iFile က var ကိုတွေ့ချင်ရင် နောက်ကိုဆုတ်သွားပါ (/) လေးကို နှိပ်ပြီးသွားလိုက်ရင် နောက်ဆုံးကျရင်တွေ့ပါလိမ့်မယ်..
အကိုပြောတဲ့အတိုင်းအကုန်ပြင်ပြီးသွားပြီ
Deleteဒါပေမယ့်Setting appတခုလေးပဲပြောင်းတာကျန်တာတွေဘာမှမပြောင်းဘူး
ဘာလိုလို့လဲမသိဘူး
ဟုတ်ကဲ့ ကျွန်တော်က setting ကိုပဲပြောထားတာပါ ဒါပေမယ့် အများကြီးပြောင်းနိုင်ပါတယ် .. Applications ထဲကိုဝင်လိုက်တာနဲ့ အထဲမှာတွေ့တာတွေ အကုန်လုံးနီးပါးပြောင်းနိုင်ပါသေးတယ်
ReplyDeleteVar>>mobile>> Applications>> လမ်းကြောင်းကိုဝင် အထဲက app ဖိုင်တွေကို ထပ်ဝင် .. facebook.app ဆိုတာကိုနှိပ် ပြီးတော့ string တွေကိုပြင်နိုင်ပါသေးတယ် ( facebook.app ဆိုတာ ဥပမာပေးတာပါ ကျန်တဲ့ဟာတွေလည်း အဲလိုပုံစံအတိုင်းပဲ ရှိနေတာပါ) iFile က တော်တော်ကို ကလိလို့ကောင်းတဲ့ tweak လေးပါ ဘာပဲ ကလိကလိ backup လုပ်ထားဖို့တော့ မမေ့ပါနဲ့
http://www.facebook.com/groups/217046421775692/?notif_t=group_r2j
အကိုI fileထဲမှာရှိတဲ့stringတွေအကုန်လုံးမြန်မာလိုပြောင်းပေါ်ရမှာလား
DeleteAndroid မှာရော လုပ်လို့ရပါသလား သိချင်ပါတယ်
ReplyDeleteဆရာပြောအတိုင်း ကျနော်လိုက်လုပ်ကြည့်တယ် မရဘူး ဆရာရေ။ ifile တော့ရလာတယ်။ဒါပေမယ့် အလကား ဖြစ်နေလိုဘဲ။ ဆရာ့ အချိန်ရှိရင် youtube တင်ပြပေးပါအုံး။ ကျေးဇူးတင်လျှက်
ReplyDelete