♥♫ လဲ့လဲ့ (ကွန်ပျူတာ) မကွေး ၏ကဗျာများစုစည်းမှု (၁) ♥♫
♥♫ သုံးရာသီအလွမ်း ♥♫
နွေဦးလချီ ရွက်ရော်ပြီပဲ
ကြွေကျရွက်ဟောင်း လတို့ ပြောင်းလဲ
မဟောင်းသေးပါ မမေ့ သာလို့ 
ဥသြငှက်နဲ့ အလွမ်းပြိုင်ချင်တယ်..........
မိုးရိပ်ရောင်မြင် မိုးတိမ်ထွန်းသော်
ရွာသွန်းချိန်ခါ ၀သန်မှလည်း
မပြောင်းလဲပါသတိရလို့ 
မိုးသဲထဲမှာလွမ်းမိတယ်.........
လရဲ့ဟေမာန် ဆောင်းရောက်ပြန်တော့ 
ချမ်းအေးခိုက်တုန်လွမ်းဖွယ်ကြုံ
ဖြိုးတိုးဖြောက်တောက်
နှင်းစက်ပေါက်တို့ 
ကြွေခါမဆဲ တဖွဲဖွဲလည်း
လွမ်းဆဲစိတ်ဖို ရာသီထိုသို့
ပြောင်းလို့ ရွှေ့ကုန်
တမ်းတရုံနဲ့ လွမ်းမိပါတယ်
♥♫ လဲ့လဲ့ (ကွန်ပျူတာ) ♥♫
သိပ်ချစ်ရတဲ့ ...ချစ်သူရယ်.........။
♥♫ မကွေး ♥♫
လိုချင်ရင် တယ်ဆိုရင် …ပေါ့....
မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို
မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို
လုပ်ဖို့တော့ လိုလိမ့်မယ်...နော်...
ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့ …
မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား …. ။
ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ
မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး …. ။
လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ .
ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ …
ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း …
နေမ၀င်သရွေ့ ...............
ဘ၀ရဲ့ ခေါ်ရာကို မလိုက်နဲ့ …
မင်းသွားချင်တဲ့ ဆီ ဘ၀ကို ခေါ်သွား …. ။
ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ
မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး …. ။
လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ .
ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ …
ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း …
နေမ၀င်သရွေ့ ...............
ဘ၀ ကို ဘယ်တော့မှ အရှုံးမပေးနဲ့
သူငယ်ချင်းရေ ……
မင်းအတွက် လိုအပ်လာတဲ့ အခါ
သူငယ်ချင်းရေ ……
မင်းအတွက် လိုအပ်လာတဲ့ အခါ
လှမ်းခေါ်လိုက်ပါ …
အဖော်မွန်ကောင်းဆိုတာ
ဘ၀မှာ.... မရှမဖြစ်ပေါ့.........
♥♫လဲ့လဲ့ (ကွန်ပျူတာ) ♥♫
♥♫မကွေး♥♫
ကောင်မလေး...
မင်းရဲ့အကြည့်တစ်ချက်မှာ...
လူကိုလဲပြိုစေနိုင်မယ်ဆိုရင်...
အမြဲတမ်းဒူးထောက်နေမယ့်ငါ့ကို...
မညှင်းဆဲပါနဲ့တော့...
ကောင်မလေး...
မင်းရဲ့အပြုံးတစ်ချက်မှာ...
အသက်ဇီဝိန်ကြွေနိုင်မယ်ဆိုရင်...
ဘ၀ပေါင်းများစွာသေပေးမယ့်ငါ့ကို...
မရက်စက်ပါနဲ့တော့...
ကောင်မလေး...
မင်းရဲ့ခြေလှမ်းတွေမှာ...
လူကိုမိန်းမောတွေဝေစေနိုင်မယ်ဆိုရင်...
အိပ်မက်ရှည်ကြီးမက်နေတဲ့ငါ့ကို...
မခြောက်လှန့်ပါနဲ့တော့...
ကောင်မလေး...
အလှဘုရင်မကြီးမဟုတ်ပေမယ့်ချစ်စရာကောင်းတဲ့...
မင်းအချစ်ကိုတစ်ဖက်သတ်တောင့်တနေတဲ့ငါ့ကို...
မြန်မြန်သနားလိုက်ပါတော့...
♥♫ လဲ့လဲ့ (ကွန်ပျူတာ) ♥♫
♥♫ မကွေး ♥♫
ဘယ်သူမှမရှိတဲ့အခန်းထဲ
တိတ်ဆိတ်ခြင်းတို့ပြည့်ညှပ်လို့
သက်မဲ့ဝတ္ထုတွေက ပုံမှန်ပါပဲ
သက်ရှိဝိညာဉ်က ယိမ်းထိုးညွန့်ကျ......။
တစ်ခါတစ်ခါ
ခန္ခာအစိတ်အပိုင်းကနာကျင်ပြီ
တစ်ခါတစ်ခါ
ရင်ဘတ်ကနာတာရှည်ေ၇ာဂါထလို့.....
ဘယ်လိုခေါင်းစဉ်တပ်ရမလဲ
ဘယ်သူကရောကူညီမှာလဲ
အလင်းအုပ်ဆောင်းအောက်မှာ
ငါက ............မှောင်တယ်.........
ဘယ်သူမပြုမိမိမှုပဲ.........တဲ့
ငါ့တရားငါပြန်ချနေပေမဲ့
ငါစိတ်ဓာတ်တွေပဲ တစ်ဖြုတ်ဖြုတ်ကြွေးကျနေခဲ့.....
♥♫ လဲ့လဲ့ (ကွန်ပျူတာ) ♥♫♥♫ မကွေး ♥♫
သစ္စာမပြယ် ချစ်ပါတယ် ခင်ရင်ခုန်သံကို ခင်ယုံရန်ဆိုလို့လွမ်းငှက်သခင် ဥသြရှင်ထံခင်ကိုလွမ်းတယ် ကိုလွမ်းတယ်လို့ခဏခဏ သီဆိုပြလို့လွမ်းငှက်သခင် ဥသြရှင်တောင်ခင်ကိုလွမ်းတယ် ကိုလွမ်းတယ်လို့သံစဉ်တွေမှား သီဆိုသွားပြီးမယုံမေးကြည့် ဥသြသိတယ်..
♥♫ လဲ့လဲ့ (ကွန်ပျူတာ) ♥♫♥♫ မကွေး ♥♫
နှမ်းစိုက်တောင်သူ
တိမ်းညိုတွေတောက်တဲ့
မိုးသောက်နံနက်ရဲ့တစ်နေရာ
နေခြည်နု လှရက်ပေ
ကမ္ဘာမြေမှာလဲ
ဟဲနွားဟိုနွားရယ်
အော်သံပေးကာပ
မိုးမျှော်ကာအပင်စိုက်တဲ့
နှမ်းစိုက်တောင်သူ
ကဆုန်မိုးရယ်ကောင်းပါစေ
တောင်းကာခြွေတောင်သူတို့
ခေါင်းပေါင်းနဲ့ချွေသိပ်လို့
ယာပြင်ကျောတစ်နေရာမှ
သစ်ပင်ငယ်နေလုံးတုန်းမှာကွယ်
ရွှေညာသူဘယ်ညာလက်
ဆယ်ကြောင်းမှာ
နှမ်းစေ့ချရတာပ
ယာပြင်ကျယ် ဘယ်ညာလျှောက်ရတယ်
အပင်စိမ်းစိမ်းရွှေဖြစ်ကိန်းကို
မျှော်ကိုးတယ်လေး ။ ။
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။