အထီးကျန်တောင်ကုန်း
ဒီမြစ်မှာမှ လကသာနေတော့ရဲ့အိပ်တန်းပျောက်၊ ငှက်တစ်ကောင်
တောင်ပံခတ်ငိုနေသလား
ဘယ့်နှယ့်၊ ညရဲ့အရည်တွေ တရွှဲ ရွှဲ
ငါ့ကိုယ်ပေါ် စီးဆင်းနေလိုက်ကြတာ
ပင်လယ်မင်္ဂလာဆောင်က ပြန်လာတဲ့
ဟိုးဝေးဝေး မြင်းခွာသံကိုတောင်
စိုစို စိမ်းစိမ်း မြင်ရတယ်
တုံးလုံးပက်လက်
အိပ်မပျော်သူကြီးပါလေ
အနှစ်နှစ် အလလက
တောအုပ်ကလေး ခြုံခြုံ ပြီး
အရှက်လုံအောင် ထိန်းထိန်းနေရပုံ
ဘဝမှာ
သစ်ခုတ်သမားတွေမလာခင်
နွေဦးရယ် ရှင်ကွဲ မကွဲပါရစေနဲ့ ၊ ယုံနော် ။ ။
အောင်ဝေး
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။