ကျွန်တော် မသိသော သူမ…..
တစ်ခါတလေခပ်ပြင်းပြင်းတေးသွားမျိုး တီးခတ်တက်သလို …..
တစ်ခါတလေ
နာကြင်ခြင်းတွေနဲ့  ရူးသွပ်နေတက်တဲ့….. သူမ…..
ညမဟုတ်တဲ့ ညမျိုးမှာ
တေးသွားလေးတွေညှဉ်းရင်း
သူမကိုယ်တိုင် ပျော်ဝင်နေတက်လေရဲ့ …..
တိမ်တွေနေတဲ့အရပ်မှာ
အိပ်မက်ရိုင်းတွေနဲ့  ကခုန်နေရင်း
မိုးကောင်းကင်တောင် အရေခွံလဲခဲ့ပြီ…..
သူမရဲ့ တေးသွားမှာ အရောင်မပါဘူး
ဘောင်ခတ်မထားဘူး …..
ဒါပေမဲ့ …..
ဖိနပ်မပါတဲ့ တေးသွားတစ်ချက်တော့
လေပြေကြားမှာ ခရီးထွက်နေတယ် …..
နတ်ဆိုးတွေရဲ့ ကြိမ်စာကြားမှာ
(အိုင်းဆစ်)တစ်ပါးလို နူးညံ့နေပေမဲ့
ကဝေပျို တစ်ယောက်လိုလည်း
ခြောက်လန့် တက်လေရဲ့ …..
နိဒါန်းမရှိတဲ့ အိပ်မက်တွေထဲမှာ
အိပ်မက်ရိုင်းတွေနဲ့  ကခုန်ရင်း …..
သူမ…အတွက်…မိုးကောင်းကင်တောင် အရေခွံလဲခဲ့ပြန်ပြီ…..
.. ။ ………
မိုးနေ
ဒီကဗျာက ကျွန်တော်မသိတဲ့ ကျွန်တော်နဲ့ သိပ်မရင်းနှီးတဲ့ သူငယ်ချင်းလေးတစ်ယောက်ကို ရည်ရွယ်ပြီးရေးထားတာပါ
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။