ကံကြမ္မာရဲ့ ကကွက်တစ်ခု
ဝက်သစ်ချပင်တွေ အစီရီပွင့်လို့
မျှော်လင့်ချက်တွေ လမ်းလျှောက်ထွက်နေခဲ့ ...
မာယာလို့တော့မသုံးနှုန်းပါနဲ့ ..ကောင်မလေး ..
င့ါရဲ့ဆေးစက်တွေကျရာ မှင်ထင်ခဲ့တာမှမဟုတ်တာ...
ငါတို့... ခပ်လွင့်လွင့်လေးတီးခဲ့ကြတဲ့ မနက်ဖြန် ..
ဒရောသောပါးနဲ့ ငါတို့အရိပ်တွေကိုကြိုဆိုနေသယောင်...
(ဒါမှမဟုတ်).. ကျီစယ်နေသယောင် ဖြန့်ကြန့်ထားရဲ့ ...
ကာလတွေရဲ့အရောင်ကို မင်းဘာချယ်မလည်း...
ခပ်ရင့်ရင့်လား..ခပ်ဖျော့ဖျော့လား....
ဒါမှမဟုတ် ကမ္ဘာရဲ့ပထမဆုံးသောအရောင်တွေထဲက တစ်ခုလား...
ပစ္စုပ္ပန်ကိုသတိရတိုင်း ( macallan ) 12 သားက အပြုံးချိုချိုနဲ့...ငါ့ကို..
ဆီးကြိုနေကြ..အဲဒီချိန်တိုင်း...
အပြုံးခပ်ပါးပါးလေးတွေ...
ငါ့ရဲ့..အရေကြီးဆုံးနေရာမှာ ဝင်လိုက်ထွက်လိုက်နဲ့..
( သူ...တိုးတိုးလေးပြောသွားတယ်..ကိုယ်စားပေါ့တဲ့ ) ..
ကောင်မလေးရေ..တစ်ခုပဲမေးလိုက်ချင်ရဲ့.....
ကမ္ဘာဟာ ငါတို့မဟုတ်တော့တဲ့ချိန် ...
ငါတို့သာ ကမ္ဘာတစ်ခုဆိုရင် မင်းဘယ်လိုလုပ်မလည်း...
မိုးနေ

0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။