မင်္ဂလာပါခင်ဗျာ ကျွန်တော်
ဒီနေ့တင်ပေးမည့် ဆော့ဝဲလ်လေးကတော့.. ကိုပိုင်ရေဒီယို ကလိချင်တဲ့ကိုကို မမတို့အတွက် အဖြူရောင်သံစဉ်တို့လိုမျိုး
ရေဒီယိုလွှင့်နိုင်တဲ့ ဆော့ဝဲလ်လေးပဲဖြစ်ပါတယ်ခင်ဗျာ.. စိတ်မကောင်းစရာကတော့
မြန်မာပြည်က သူတွေအတွက် အဆင်မပြေပါဘူး.. အသံလွှင့်မယ်ဆိုရင် လိုင်းကောင်းဖို့တော့ လိုပါတယ်.။
ကဲ စလိုက်ကြရအောင် လွယ်ပါတယ်. ပထမဆုံး ကျွန်တော်တင်ပေးထားတဲ့ SAM Broadcaster ဆော့ဝဲလ်လေးကို အရင်ဆုံးဒေါင်းလိုက်ပါ . ပြီးရင် install လုပ်လိုက်ပါ။ Install လုပ်နည်းကိုတော့ အောက် youtube video မှာကြည့်လိုက်ပါ။ မရှင်းတာရှိရင် ကျွန်တော့်ကိုမေးနိုင်ပါတယ်။
ဆော့ဝဲလလ် install လုပ်ပြီးသွားပြီဆိုရင်တော့ . ပထမအဆင့်ပြီးပါပြီ ..
ဒုတိယ အဆင့်အနေနဲ့ကတော့ အောက်လင့်ကလေးကနေ free အကောင့်တစ်ခု လုပ်လိုက်ပါ.
http://www.listen2myradio.com/index.php
ဒီအဆင့်မှာတော့ click here to refresh ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဒီလိုဆိုရင် သင့်ရဲ့ ရေဒီယို ဆာဗာ ဟာပွင့်သွားပြီဖြစ်ပါတယ် အောက်ကပုံစံအတိုင်း ဆက်ကြည့်ပါ
ဒီအဆင့်မှာတော့ ဆာဗာမှာရှိတဲ့ ရေဒီယိုအချက်အလက်တွေကို ရယူဖို့သွားရမှာဖြစ်ပါတယ် ဝိုင်းပြထားတဲ့အတိုင်း Stream Details ဆိုတာလေးကို နှိပ်လိုက်ပါ အချက်အလက်တွေရှိရာ သို့ရောက်ပါပြီ
နံပတ် (၁) ပြထားတဲ့နေရာ မှာ မိမိကြိုက်တဲ့ အရည်အသွေးရွေးနိုင်ပါတယ် နံပတ် (၂) နေရာမှာလည်း မိမိလိုင်း
နဲ့ သင့်တော်မည့် range ကိုရွေးနိုင်ပါတယ် နံပတ် (၃)နေရာမှာတော့ မဖြစ်မနေ အမှန်ခြစ်ခဲ့ရမှာဖြစ်ပါတယ် ဒါမှသာ ရေဒီယိုဖွင့်လိုက်တာနဲ့ Encoder က Auto Run မှာဖြစ်ပါတယ်။ ပြီးသွားရင် နံပတ် (၄) မှာမြှားပြထား
တဲ့နေရာကို ဆက်နှိပ်ပါ အောက်က ပုံအတိုင်းရောက်မှာပါ
ဤအဆင့်ကိုသေချာလုပ်ပါ မှားလို့မရပါ တစ်ခုမှားတာနဲ့ အသံလာမှာမဟုတ်တော့ပါဘူး။ နံပတ် (၁) နေရာမှာ အမှန်ခြစ်ပါ။ နံပတ် (၂) နေရာမှာ စောစောကမှတ်ထားတဲ့ Sever Ip ကို ကူးထည့်ပါ။ နံပတ် (၃) နေရာမှာ Port နံပတ်တွေကို ကူးထည့်ပါ။ နံပတ်လေးကတော့ Password ဖြစ်ပါတယ် Password ကို စောစော sever page ရဲ့အပေါ်မှာ Streaming Password ဆိုပြီးတော့ ပေးထားရှိပါတယ် ယူထည့်လိုက်ပါ။

ကဲ အကောင့်ဖွင့်ပြီးပြီဆိုရင်
login ဝင်လိုက်ပါ အောက်ကပုံစံပါ .
ပြီးသွားပြီဆိုရင်တော့
အပေါ်ကပုံမှာဝိုင်းပြထားတဲ့ Turn On/Off ဆိုတာလေးကိုနှိပ်လိုက်ပါ
အောက်ကပုံစံအတိုင်းရလာမှာဖြစ်ပါတယ်
အပေါ်က ပုံစံအတိုင်းရလာပြီဆိုရင်တော့
Turn ON ဆိုတာလေးကို နှိပ်ပေးလိုက်ပါ.။ ပြီးရင် အောက်ကပုံစံအတိုင်းရလာမှာပါ
ဒီအဆင့်မှာတော့ click here to refresh ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ ဒီလိုဆိုရင် သင့်ရဲ့ ရေဒီယို ဆာဗာ ဟာပွင့်သွားပြီဖြစ်ပါတယ် အောက်ကပုံစံအတိုင်း ဆက်ကြည့်ပါ
ဒီအဆင့်မှာတော့ ဆာဗာမှာရှိတဲ့ ရေဒီယိုအချက်အလက်တွေကို ရယူဖို့သွားရမှာဖြစ်ပါတယ် ဝိုင်းပြထားတဲ့အတိုင်း Stream Details ဆိုတာလေးကို နှိပ်လိုက်ပါ အချက်အလက်တွေရှိရာ သို့ရောက်ပါပြီ
အပေါ်က ပုံကတော့
Details တွေပါ ဝိုင်းပြထားတဲ့အထဲက IP ဆိုတာနဲ့ Port ဆိုတာကို သေချာကူးယူထားပါ
ခဏနေရင် SAM မှာ
အဲဒါတွေထည့်သုံးမှာ ဖြစ်ပါတယ်. ပြီးရင် မိမိတို့စက်မှာ install လုပ်ထားတဲ့ SAM ကိုဖွင့်လိုက်ပါ ပြီးရင် အောက်ကပုံမှာပြထားတဲ့
(၁) (၂) အတိုင်း တစ်ဆင့်ချင်းလုပ်ပါ ပြီးရင် Ok ကိုနှိပ်ပါ
ပြီးသွားရင် အောက်ကအတိုင်းဆက်လုပ်ပါ
နံပတ် (၁) ပြထားတဲ့နေရာ မှာ မိမိကြိုက်တဲ့ အရည်အသွေးရွေးနိုင်ပါတယ် နံပတ် (၂) နေရာမှာလည်း မိမိလိုင်း
နဲ့ သင့်တော်မည့် range ကိုရွေးနိုင်ပါတယ် နံပတ် (၃)နေရာမှာတော့ မဖြစ်မနေ အမှန်ခြစ်ခဲ့ရမှာဖြစ်ပါတယ် ဒါမှသာ ရေဒီယိုဖွင့်လိုက်တာနဲ့ Encoder က Auto Run မှာဖြစ်ပါတယ်။ ပြီးသွားရင် နံပတ် (၄) မှာမြှားပြထား
တဲ့နေရာကို ဆက်နှိပ်ပါ အောက်က ပုံအတိုင်းရောက်မှာပါ
ဤအဆင့်ကိုသေချာလုပ်ပါ မှားလို့မရပါ တစ်ခုမှားတာနဲ့ အသံလာမှာမဟုတ်တော့ပါဘူး။ နံပတ် (၁) နေရာမှာ အမှန်ခြစ်ပါ။ နံပတ် (၂) နေရာမှာ စောစောကမှတ်ထားတဲ့ Sever Ip ကို ကူးထည့်ပါ။ နံပတ် (၃) နေရာမှာ Port နံပတ်တွေကို ကူးထည့်ပါ။ နံပတ်လေးကတော့ Password ဖြစ်ပါတယ် Password ကို စောစော sever page ရဲ့အပေါ်မှာ Streaming Password ဆိုပြီးတော့ ပေးထားရှိပါတယ် ယူထည့်လိုက်ပါ။
နံပတ် ၅ ၆ ၇ တွေကတော့
ကြိုက်တာရွေးချယ်ပြီးတော့ထည့်နိုင် ရေးနိုင်ပါတယ် ပြီးရင် အိုကေ ကိုနှိပ်ပေးလိုက်ပါ
အောက်ကပုံစံ အတိုင်းရောက်မှာပါ။
ကဲဒီလိုဆိုရင် ရေဒီယိုလုပ်ခြင်းပြီးဆုံးပါပြီခင်ဗျာ…
သီချင်းတွေကတော့ Mp3 ပဲလက်ခံပါတယ် နောက် မြန်မာလိုရေးထားတဲ့ သီချင်းတွေ စာပေါ်မည်မဟုတ်ပါ။
အင်္ဂလိပ်လို ပြောင်းရေးထားတာ အဆင်ပြေဆုံးပါ
SAM တွင် Queue
သည် အသံလွှင့်မည့် သီချင်းများ ထည့်ရမည့်နေရာပါ။ History ကတော့ မိမိ လွှင့်ခဲ့ပြီးသားတွေပါ
။ ဒီလောက်ဆိုရင် အဆင်ပြေကြည့်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ အဆင်မပြေတာရှိရင်
aprilone86@gmail.com သို့အပ်ပြီးတော့ မေးမြန်းနိုင်ပါတယ် ခင်ဗျာ
အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေဗျာ
ဒီပို့စ်ကို PDF အနေနဲ့လိုချင်ရင် ဒီကိုနှိပ်၍ ဒေါင်းပါ
SAM install လုပ်နည်းကြည့်ရန်
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။