မိုးညိုသားရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်းလာလည်ကြပါနော် အာပေးပါ ဝေဖန်ပါ အကြံပြုပါ

Friday, September 13, 2013

ထမင်းလုံးတစ္ဆေခြောက်ခြင်း (Hypnogogic jerk)

ထမင်းလုံးတစ္ဆေခြောက်ခြင်း (Hypnogogic jerk)

ငယ်ငယ်တုန်းက အိပ်ယာဝင်တဲ့အချိန်ကျရင် အိပ်ပျော်ခါနီးဖြစ်နေတဲ့အချိန် အိပ်မက်လိုလိုနဲ့ တစ်ခုခုထဲကျသွားသလိုဖြစ်ပြီး ရင်ထဲမှာအေးခနဲဖြစ်သွား၊ ပြီးရင် ခန္တာကိုယ်မှာရှိတဲ့ ကြွက်သားတွေ ရုတ်တရက် ဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားတာမျိုး ခဏခဏဖြစ်ဖူးပါတယ်။ အခုထက်ထိလည်း တခါတလေအိပ်မောကျခါနီးဆိုဖြစ်တတ်ပါသေးတယ်။ အရင်တုန်းကတော့ ထမင်းလုံးတစ္ဆေခြောက်တာလို့ မိဘတွေကပြောတတ်ပါတယ်။
အိပ်ခါနီး ထမင်းစားပြီး ထမင်းလုံးနင်းထားမိလို့ဖြစ်တာဆိုပြီးပြောလို့ နောက်ပိုင်းအိပ်ခါနီးတိုင်း ခြေထောက်ဆေးတဲ့အကျင့်ရသွားရော။ ပာုတ်တာမပာုတ်တာထက် ကောင်းတဲ့အကျင့်လေးတော့ဖြစ်သွားတာပေါ့လေ။ ကျနော့်လိုပဲသူများတွေလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုမှသိပ်ပံနည်းကျ (ပ ကိုအောက်မှာဘယ်လိုရိုက်လဲဗျာ။ ကျနော်မရိုက်တတ်လို့ အဲလိုပဲပေါင်းလိုက်တယ်) ဖြေရှင်းချက်လေးတွေဖတ်မိလို့ ထပ်ဝေမျှပေးလိုက်ပါတယ်။

အိပ်ပျော်ခါနီးအချိန်မှာ ပြုတ်ကျသလိုခံစားရပါတယ်။ အဲဒီနောက် တကိုယ်လုံးဆတ်ခနဲဖြစ်သွားပြီး လန့်နိုးသွားပါတယ်။ အဲလိုမျိုးအဖြစ်အပျက်ကို Hypnogogic jerk လို့ခေါ်ပါတယ်။ ဖြစ်နိုင်ချေရှိတာတော့ စိတ်ဖိစီးမှုတွေ၊ ကဖင်းနဲ့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မအိပ်ခင်လုပ်ထားရတာတွေနဲ့သက်ဆိုင်ပါတယ်။ သူလည်းလူဦးရေရဲ့ ၇၀ရာခိုင်နှုန်းလောက်ဖြစ်တတ်တယ်လို့ဆိုပါတယ်။ အိပ်ပျော်ခါနီးအချိန်မှာ တကိုယ်လုံးမှာရှိတဲ့ လူရဲ့ကြွက်သားတွေပာာ ဖြေလျော့သွားပါတယ်။ အနားယူသွားတယ်ပေါ့လေ။ အဲဒါကိုဦးနှောက်က နားလည်မှုလွဲသွားပါတယ်။ ဦးနှောက်က အဲလိုကြွက်သားတွေဖြေလျော့ပြီး အနားယူသွားတယ်လို့မထင်ဘဲ တင်းတင်းရင်းရင်းရှိမနေတော့တဲ့အတွက် ခန္ဒာကိုယ်ကြီးပြုတ်ကျသွားတယ်လို့ ဘာသာပြန်လိုက်ပါတယ်။ အဲလိုဘာသာပြန်ရုံတင်မကဘဲ ခန္ဒာကိုယ်ကိုလည်း တုန့်ပြန်မှုတွေလုပ်ဖို့စေခိုင်းလိုက်ပါတယ်။ အဲဒီအတွက် ခန္ဒာကိုယ်ကကြွက်သားတွေကလည်း balance ကိုထိန်းဖို့အတွက်ဦးနှောက်ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ပြုတ်ကျသလို ရင်ထဲမှာအေးသွားပြီး ကြွက်သားတွေအလုပ်ပြန်လုပ်သွားတဲ့အတွက် ဆတ်ခနဲ့တုန်ပြီး လန့်နိုးသွားတတ်တာဖြစ်ပါတယ်။ သာမန်ဖြစ်တတ်ပေမယ့် မူးယစ်ဆေးတွေဖြစ်တဲ့ မော်ဖင်း၊ ပီာရိုအင်း၊ မက်သဒုန်း စတဲ့ဆေးဝါးတွေအသုံးပြုသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး Hypnogogoic jerk ပာာ အိပ်ပျော်ဖို့ခက်တဲ့သူတွေ၊ အိပ်ယာသက်တောင့်သက်သာမရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် မအိပ်မနေ အလုပ်လုပ်နေရတဲ့သူတွေ(စာမေးပွဲနီးလို့ စာကျက်နေရတာမျိုး၊ အလုပ်ပြီးအောင်လုပ်နေရတာမျိုး)မှာဆိုရင် ပြန်အိပ်တဲ့အခါအိပ်ပျော်ခါနီးအချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဦးနှောက်ကို အနားမပေးဘဲ အချိန်ကြာကြာခိုင်းထားတဲ့အခါ ဦးနှောက်ကပိုပြီး အမှားအယွင်းတွေဘာသာပြန်လို့ပါ။ ငယ်တဲ့အချိန်မှာပိုဖြစ်တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နည်းသွားတတ်ပါတယ်။ သူ့ရဲ့အကြီးဆုံးဆိုးကျိုးကတော့ အိပ်ရေးပျက်တာဖြစ်ပါတယ်။ ကျနော်လည်း တခါတလေအရမ်းအိပ်ချင်လို့ အိပ်ပျော်ခါနီးမှာအဲလိုမျိုး Hypnogogoic jerk ဖြစ်သွားရင် လန့်နိုးသွားပြီး ပြန်အိပ်ရခက်သွားတတ်ပါတယ်။ အမြဲတမ်းတော့မပာုတ်ပါဘူး။ ဒါပေမယ့်တချို့သူတွေမှာတော့ ခဏခဏဖြစ်တဲ့အခါနောက်ပိုင်း အိပ်ရမှာကိုကြောက်လာပြီး စိတ်ရောဂါလိုမျိုးဖြစ်သွားတတ်ပါတယ်။

ဒီလောက်ဆိုထမင်းလုံးတစ္ဆေခြောက်တာ ဘယ်လိုမျိုးဖြစ်တာလဲဆိုတာ နားလည်လောက်ပြီထင်ပါတယ်။ သားသမီးတွေရှိရင်တော့ ခြေထောက်ရေဆေးပါစေဦး။ ပာုတ်တာမပာုတ်တာထက် သန့်သန့်ရှင်းရှင်းရှိတာပေါ့။ :)
 
Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

0 comments:

Post a Comment

ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာရန်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (2) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (11) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (158) နိုင်ငံတကာသတင်း (2)