
Apple က iOS 6.1.6 နှင့် iOS 7.0.6 ကို ပြီးခဲ့တဲ့ သောကြာနေ့ (21.02.2014) က Update ပေးခဲ့ပါတယ်...
ယခုထုတ်ပေးလိုက်တဲ့ iOS 7.0.6 update ဟာ အကြီးအကျယ် ပြောင်းလဲသွားတာမျိုး မဟုတ်ပါဘူး။ Apple ရဲ့ SSL/TLS library HTTPS session မှာ အသုံးပြုသူတွေရဲ့ Data အချက်လက်များကို Hacker တွေ ကြားဖြတ်ယူနိုင်တဲ့ error တစ်ခုကို ပြုပြင်ချင်တာကြောင့် Update အနေနှင့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
iOS 7.0.6 ကို Update လုပ်ကြဖို့ ထိထိရောက်ရောက် တိုက်တွန်းချင်ပါတယ်...
Jailbreak မလုပ်ထားသူများ အနေနှင့်တော့ iOS update လုပ်လိုက်ရင် အဆင်ပြေနိုင်သော်လည်း Jailbreaker များကတော့ iOS update လုပ်ပြီး၊ နောက်ထပ်တစ်ခါ Jailbreak ပြန်လုပ် မိမိအသုံးပြုလိုတဲ့ Tweaks တွေ App တို့ကို အစ/ဆုံး ပြန်လည် တစ်ခုခြင်းသွင်း၊ အခန့်မသင့်ရင် error, crash တို့ကို ကြုံနိုင်ပါသေးတယ်။
ဒါကြောင့် iOS update လုပ်ဖို့ဆိုတာ ဝန်လေးနေပါလိမ့်မယ်၊ တစ်ဖက်ကလည်း Error ရှိနေလို့ Update ပေးတယ်ဆိုတော့ ဘာလုပ်ရမှန်းမသိ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်...
ဘာမှ စိုးရိမ်စိတ် မဖြစ်ပါနဲ့ iOS 7.0.6 ကို Update မလုပ်သော်ငြားလည်း iOS 7.0.6 တွင် error ကို ပြုပြင်လိုက်သည့်အတိုင်း iOS 7.0.5 device မှာ Fix လုပ်ပေးနိုင်မယ့် Tweak တစ်ခုကို Cydia Developer များက ထုတ်ပေးလိုက်ပါပြီ။
iOS 7.0.5 နှင့် အနိမ့်တွင် ဖြစ်ပေါ်နေသော SSL security bug ကို ပြုပြင်ပေးမယ့် Jailbreak tweak အဖြစ် "SSLPatch" ကို Cydia Developer ဖြစ်သူ Ryan Petrih က ထုတ်ပေးလိုက်ပါပြီ..
**"SSLPatch" ကို သွင်းယူခြင်း**
iOS 7.0 မှ iOS 7.0.5 Jailbreaker များအားလုံး လိုက်လံ သွင်းယူပါ
- Cydia -> Sources -> Edit -> Add တွင် " http://repo.insanelyi.com/ " ကို ထည့်သွင်းပါ။ (BigBoss တွင်လည်း ရနိုင်ပါသည်)
- ထို့နောက် "SSLPatch" ကို ရှာဖွေ၍ သွင်းယူခြင်းဖြင့် iOS 7.0.6 ကို Update လုပ်ရန် မလိုအပ်တော့ပေ...
သွင်းယူလိုက်သော Patch သည် အမှန်တစ်ကယ် Error ကို Fix လုပ်နိုင် မလုပ်နိုင်ကို လက်တွေ့ သိနိုင်ရန် Mobile Safari Browser မှနေ၍ "gotofail.com" သို့ ဝင်ရောက်ပါ။
အောက်ပါအတိုင်း Safe message ပေါ်လာပါက အမှန်တစ်ကယ် အလုပ်လုပ်ကြောင်း တွေ့ရပါလိမ့်မည်..
iOS 7.0.6 ကို အမှန်တစ်ကယ် Update လုပ်ရန် မလိုပဲ၊ Jailbreak မပျက်ပဲ iOS 7.0.6 အတိုင်း စိတ်ချလုံခြုံစွာ အသုံးပြုနိုင်ကြပါပြီ..
Credit to : iPhone Hack
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
မိုးသိကြား ဘလော့ခ်အား ဆက်လက်ရှင်သန်ရန် အားပေးလိုသူများ Side bar တွင် "Donate" လုပ်ခြင်းဖြင့် ကူညီနိုင်ပါသည်...
Re-Credit to : www.moethagyar.info
မိုးသိကြား
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။