မင်္ဂလာပါ ကျွန်တော် ပို့စ်တွေမရေးတော့တာ တစ်နှစ်ကျော်နေပါပြီ.. တနေ့က သူငယ်ချင်းတစ်ယောက်ရဲ့ Xiaomi Mi4i လေး MiUi 8 ကို Update လုပ်မိပြီးတော့ မြန်မာစာမရတော့လို့ လာလုပ်ခိုင်းထားတာလေးကလိရင်း တိုင်ပတ်သွားတယ်၊ အရင်တုန်းကလည်း ကျွန်တော်ပဲ Root လုပ်ပြီး မြန်မာစာ ထည့်ပေးထားတာ Update ဖြစ်သွားတော့ အရင်သုံးနေကျ Root Tool တွေလည်း အလုပ်မလုပ်တော့ပါဘူး ဒါနဲ့ အလွယ်တကူ အဆင်ပြေမယ့် Font အစားထိုးတဲ့နည်းတွေ iFont ကနေ Themes Font လုပ်ပြီးထည့်တာတွေ အစုံပါပဲ တစ်ခုမှ အဆင်မပြေပဲ ရွာလည်နေတာနဲ့ လျှောက်မွှေလိုက်တာ နောက်ဆုံးတော့ ဒါ Tools လေးနဲ့ အဆင်ပြေသွားလို့ ကျွန်တော် ကဲ့သို့ တိုင်ပတ်သူတွေရှိရင် အလွယ်တကူ အဆင်ပြေအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊....
လိုအပ်တဲ့ဖိုင်တွေကို ဒီနေရာမှာ အရင်ဒေါင်းယူလိုက်ပါ
Download From Mediafire
Download From pCloud
လိုအပ်တာတွေယူ ပြီးပြီဆိုရင် .. ဖုန်းကို Setting >> Additional Setting >> Developer Option >> USB Debugging လမ်းကြောင်းအတိုင်းသွားပြီးတော့ USB Debugging ကို On ပေးပါ.. Fastboot Mode ကလည်း On ပေးပါ၊ Developer Option ကိုမတွေ့ရင် Setting >> About Phone >> MiUi Version ကို ၇ ချက်နှိပ်ပေးလိုက်ပါ
ပြီးသွားရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ ဒေါင်းယူထားသော ဖိုင်ထဲမှ Root kit ဖိုင်ကိုဖွင့်ပါ Rec.bat ကို နှစ်ချက်နှိပ်ပြီးတော့ နှိပ်လိုက်ပါ ပြီးရင် 1 ကိုနှိပ်ပြီးတော့ Enter ခေါက်ပေးလိုက်ပါ ဖုန်းမှာ Fastboot Mode ထဲရောက်သွားပြီးတော့ Root လုပ်ပေးနေပါလိမ့်မယ် ၊ Reboot ကျပြီးတော့ ပြန်တက်လာရင် ဖုန်းမှာ Super Su လေးရောက်နေတာတွေ့ရမှာ ဖြစ်ပါတယ်၊
မြန်မာစာအတွက်ကတော့ Miui8 Fontchanger နဲ့ထည့်လိုက်ပါ အားလုံးအဆင်ပြေကြပါစေဗျာ။။။
အခြား မိမိနှစ်သက်ရာ Font များကိုလည်း ထည့်သွင်းနိုင်ပါတယ်

0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။