စားကြမလား ငါးခေါက်ဆွဲ
အိမ်ရှင်မရဲ့ ဟင်းလက်ရာအတွက် အစိမ်းရောင်လွင်ပြင်မှာ
ဖော်ပြထားတဲ့ ဗန်မော် ငါးခေါက်ဆွဲခေါ် မျှစ်ချဉ်ခေါက်ဆွဲ ကိုပြန်လည်
ဝေငှလိုက်ပါတယ်ရှင်။ ဧရာဝတီမြစ်နဲ့ တာပိန်မြစ်တို့ရဲ့ ကမ်းဘေးမှာ
တည်ရှိတဲ့ ဗန်းမော်မြို့ဟာ ငါးပေါလှတဲ့ မြို့ဖြစ်တာကြောင့်
ငါးနိုင်းချင်းနဲ့ ချက်ထားတဲ့ ဗန်းမော်ရဲ့ ခေါက်ဆွဲဟာလည်း အလွန် နာမည်
ကျော်လှပါတယ်။ ဗန်းမော်မြို့သူ မြို့သားတို့ဟာ ဧည့်သည်လာရင်
ငါးခေါက်ဆွဲကို မဖြစ်မနေ လိုက်ကျွေးလေ့ရှိကြောင်း သိရပါတယ်။
ငါးခေါက်ဆွဲကို မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်တတ်ကြပါတယ်။
ထိုသို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက ခေါက်ဆွဲကို မျှစ်ချဉ်နဲ့ အဓိက
စားကြတာဖြစ်တာကြောင့် မျှစ်ချဉ်ခေါက်ဆွဲလို့လည်း ခေါ်ကြခြင်း ဖြစ်ပါတယ်။
ဝါသနာပါရင် ချက်စားကြည့်ကြဖို့ပါနော်။
အဆပလာ မများလှတဲ့အပြင် ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူပြီး
စားလို့လည်းကောင်းတဲ့ ငါးခေါက်ဆွဲချက်ဖို့ ပထမဦးစွာ ငါးခေါက်ဆွဲချက်ဖို့
ငါးကြင်းကို ကြက်သွန်ဖြူ၊ ဂျင်း ဆား အရသာမှုန့်စသည်တို့နဲ့ အရင်ဦးဆုံး
ပြုတ်ပါတယ်။ ငါးကြင်းမရှိလဲ မိမိမှာ အဆင်ပြေတဲ့ငါးနဲ့ ချက်လို့ရပါတယ်။
ဆန်ခေါက်ဆွဲ အသုပ်
အရည်နဲ့ကြိုက်သူများအတွက် ရေစိမ်( ရှမ်းခေါက်ဆွဲ) အရည်ဖျော်
ငါးပြုတ်ရည်နဲ့ လုပ်ထားတဲ့ ဟင်းရည်ပါ။ ငရုပ်ကောင်းနဲ့ နံနံပင် ခတ်ထားတာပါ။
ကြက်သား၊ ၀က်သား မစားသူများအတွက်လည်း အဆင်ပြေ သင့်လျော်တဲ့ ဗန်းမော်
မျှစ်ချဉ်ခေါက်ဆွဲ ဖြစ်ပါတယ်။ မျှစ်ချဉ် မရှိတဲ့
အရပ်ဒေသမှာဖြစ်နေခဲ့လျှင်လည်း အခြားသော အချဉ်များဖြင့် စားသုံးနိုင်ပါတယ်။
သင်သာမျှစ်ချဉ်ကြိုက်တတ်သူ ဖြစ်ခဲ့ရင် မျှစ်ချဉ်များများနဲ့
ခေါက်ဆွဲပန်းကန်ထဲမှာ တစ်ခါတည်း နယ်ပြီး ငရုပ်သီးစပ်စပ်လေးနဲ့ စားရင်
မိုးအေးအေးမှာ သိပ်လိုက်ဖက် စားကောင်းတဲ့ ခေါက်ဆွဲဖြစ်ပါတယ်လို့…
မှတ်ချက်= အိမ်ရှင်မရဲ့ ဟင်းလက်ရာ မှ ကူးယူဖော်ပြပါသည်
မှတ်ချက်= အိမ်ရှင်မရဲ့ ဟင်းလက်ရာ မှ ကူးယူဖော်ပြပါသည်
0 comments:
Post a Comment
ဝေဖန်ပါ၊ အကြံပြုပါ၊ လိုအပ်တာရှိရင်ထောက်ပြပါ၊ ကျေးဇူးအထူးတင်ပါသည်။